ABOUT US

Aung Tun Lin & Brothers Company သည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ စက်ရုံလမ်းနှင့် ၁၃၅ လမ်းထောင့်တွင် တည်ရှိပါသည်။ Aung Tun Lin & Brothers Company အား 2000 ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး Company မှ Audioနှင့် Home Appliances(အိမ်အသုံးအဆောင်) ပစ္စည်းများကို ရန်ကုန်မြို့တွင်း ၌သာမက မြန်မာပြည်ရှိ အမြို့မြို့အနယ်နယ် အရပ်အရပ်သို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ Company သည် အရည်အသွေးပြည့်ဝ ခေတ်မှီသော Audio နှင့် Home Appliances(အိမ်အသုံးအဆောင်) ပစ္စည်းများကို တရုတ်ပြည်မှ တိုက်ရိုက်တင်သွင်းပြီး သင့်တင့်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ Samsonic Brand Electronics ထုတ်ကုန် ပစ္စည်းများအား (၂)နှစ်အာမခံ ဖြင့် သုံးစွဲသူများကို စိတ်ကျေနပ်မှုရရှိစေရန် ကောင်းမွန်သော ၀န်ဆောင်မှုများပေးလျက်ရှိပါသည်။ သုံးစွဲသူများကို အဆင်ပြေ လွယ်ကူချောမွေ့စေရန် Service Centre သီးသန့်ထားရှိပြီး ၀န်ဆောင်မှုများအပြည့်အ၀ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ “Samsonic” Brand ပစ္စည်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများရှိ အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက၀န်ထမ်းများ အား အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ “Samsonic” Brand ပစ္စည်းအသေးစိတ်ကို လေ့လာကြည့်ရှုလိုပါလျှင် www.samsonicmyanmar.com တွင် Company ၏ Products ထုတ်ကုန် အမျိုးမျိုးကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။